
အောင်ဆန်းပင်လုံ စာကြည့်တိုက် (သို့) စာဖတ်ခန်းဟာ သင်္ကန်းကျွန်းမြို့နယ်၊ ခတ်ချီးယား မှတ်တိုင်မှာ တည်ရှိပါတယ်။ အောင်ဆန်းပင်လုံ စာကြည့်တိုက်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှ ဖွင့်လှစ်ပေးခဲ့ပါတယ်။ အောင်ဆန်းပင်လုံ စာကြည့်တိုက်ကို သင်္ကန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်များ နှင့် မြို့ခံလူငယ်များမှ စုပေါင်း တည်ထောင်ခဲ့ကြခြင်းဖြစ်ပါတယ်။ စာကြည့်တိုက်လေး၏ ရည်ရွယ်ချက်သည် ပြည်သူလူထုအတွက် သတင်းအချက် အလက်နှင့် အသိပညာ ဗဟုသုတများ စုဝေးရာ နေရာဖြစ်စေရန် ရည်ရွယ်ပါသည်။ မည်သူမဆို အခမဲ့ လာရောက် ဖတ်ရှု ငှားရမ်း နိုင်ပါတယ်။ အောင်ဆန်းပင်လုံ စာကြည့်တိုက်လေး ရေရှည် အဓွန့်ရှည်ရန် အလို့ငှာ စာအုပ်စာတမ်းများ၊ လှူဒါန်းမှုများအား ဝမ်းမြောက်စွာ ကြိုဆိုလျှက်ရှိပါသည်။
No comments:
Post a Comment